တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးခြင်း  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ် စက်တင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီက ထားဝယ်မြို့၊  တိုင်းဒေသကြီးရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက အိမ်ထောင်စုစာရင်းများသည်မြေပြင်တွင် လက်တွေ့ကွင်းဆင်းပြီးဆောင်ရွက်နေသည့် ကိန်းဂဏန်းများမှန်ကန်ရန် လိုအပ်ကြောင်း၊ ကွင်းဆင်းဆောင်ရွက်နေကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနတို့သည် ကိန်းဂဏန်းများ မှန်ကန်စေရေးအတွက် အထူးလိုအပ်ပါ ကြောင်း၊ နယ်မြေကွင်းဆင်းနေကြသည့် ဌာနဆိုင်ရာများသည် လုံခြုံရေး သတိရှိကြရန် လိုအပ်ကြောင်းနှင့် ဌာနဆိုင်ရာများအနေဖြင့် လက်တွေ့ဆောင်ရွက်ရာတွင် အခက်အခဲများကိုပွင့်လင်းစွာတင်ပြလိုကြောင်းနှင့် ထွေ/အုပ်၊ လဝကနှင့် ရွေးကောက်ပွဲကော်မရှင်တို့ အိမ်ထောင်စုစာရင်းများမှန်ကန်စွာ ရရှိ စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းပြောကြားသည်။

ထို့နောက် ထားဝယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ထူးတင်က ဆောင်ရွက် ပြီးစီးခဲ့သည့် အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အတွင်းရေးမှူး  ဦးထိန်လင်းဦးက ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်း များနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍တက်ရောက်လာကြသူများက အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေ စာရင်းမှန်ကန်စေရေးအတွက် ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ  တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက  ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)