ကျောက်ဆည်မြို့တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင်ယနေ့နံနက် (၉)နာရီက (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မင်းစိန် ဦးဆောင်မှုဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ အပိုထပ်ဆောင်းထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း BA4, BA5 ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများကို အပိုထပ်ဆောင်းအနေဖြင့် အ-ထ-က (၁)ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိကြသည်။

ရှမ်းရွာသစ်မြို့အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့် စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့တွင် အခြေခံစားကုန်နှင့် အသား၊ ငါး၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့မဈေးအရှေ့၌  အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊  လှိုင်းဘွဲတပ်နယ်မိသားစုများက အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ကြက်ဥများအား သက်သာသောဈေးနှုန်းများဖြင့် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ရဲတပ်ဖွဲ့ဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားနှင့် ချင်းပြည်နယ်လူငယ်ရေးရာ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတက်ရောက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု များအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့မ ရဲစခန်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာ စကားပြောကြားသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် လယ်ဝေးမြို့နယ်အတွင်း လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန်အတွက် အငယ်စား၊အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉) နာရီခွဲက

ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာတွင် ကိုဗစ် -၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask များဖြန့်ဝေ

ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည(၈)နာရီအချိန်က ​ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာတွင်  လှည့်လည်နှိုး​ဆော်ခဲ့ကြောင်းသိရသည်။

ကော့ကရိတ်မြို့၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ အေးနှင်းအောင်ရေးသားထားသည့် “လှပသောစကားသုံးလုံး ဘဝတိုးတက်ရေးလမ်းညွှန်ဆောင်းပါး” စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၂ နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမရှိစေရန် Mask Campaign လှုပ်ရှားမှု ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် Mask Campaign  ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က  ဗိုလ်ချုပ်လမ်းမကြီး၌ အသိပညာပေး​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် နည်းပညာပြန့်ပွားရေးစင်တာတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to