ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊   လူထုအခြေပြုဗဟိုဌာန၌ ချစ်နိုင်(စိတ်ပညာ)‌ရေးသားထားသည့် “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလူတန်းစားအိမ်ထောင်စုများအား စားကုန်များနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ အောင်မေတ္တာ ရပ်ကွက် ဓမ္မာရုံရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ရပ်ကွက်နေပြည်သူများထံ အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်း Mask များ အသီးသီး ထောက်ပံ့ပေးအပ်ကာ  အိမ်ထောင်စုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဟိုင်းကြီးကျွန်းမြို့၌ ရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး ပညာပေးပိုစတာ စိုက်ထူပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး ပညာပေးပိုစတာစိုက်ထူပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်၊ ကမ်းနား လမ်းထောင့်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က(ခွဲ)ကျပ်ချောင်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာန နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး

ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က ဟိုင်းကြီး၌ မိုးရာသီကျောင်းတွင်း အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကလေးများကိုယ်ကာယကြံ့ခိုင် သန်မာ၍ အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မိုးရာသီကျောင်းတွင်း အားကစားပြိုင်ပွဲများကို ပြုလုပ် ကျင်းပခဲ့ရာ ယမန်နေ့က ပြိုင်ပွဲပြီးဆုံးပြီဖြစ်၍ ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်း များအား ယမန်နေ့ နေ့လယ်(၂) နာရီအချိန်တွင် အခြေခံပညာအထက်တန်း ကျောင်း၊ အ.ထ.က ဟိုင်းကြီး၌ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်၍ ဆုများကိုပေးအပ်ခဲ့ ကြောင်း သိရသည်။

လားရှိုးမြို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းများဖြင့်ရောင်းချပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုများအား

မိုင်းယောင်း၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်

ပန်းတောင်းမြို့နယ်အတွင်းရှိ စားသုံးကုန်မျိုးစုံပုစွန်(၂)ကောင်အမှတ်တံဆိပ်ပါ စားသုံးဆီများရောင်းချမှုရှိ/ မရှိစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးကုန်မျိုးစုံပုစွန်(၂)ကောင် အမှတ်တံဆိပ်ပါစားသုံးဆီများရောင်းချမှုရှိ/ မရှိကို ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ သဘာ၀ရေပြင်ဖြစ်သော ဒုဌဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

စိုက်ပျိုးရေး  မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ဧည့်ပြကျေးရွာအတွင်းရှိ  သဘာ၀ရေပြင်ဖြစ်သော ဒုဌဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် (Community Centre)တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော "လူငယ်နှင့်အောင်မြင်မှု"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့က စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Youth Club အဖွဲ့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော ‟လူငယ်နှင့်အောင်မြင်မှု"စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။
Subscribe to