ဝါးခယ်မ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် နည်းပညာပြန့်ပွားရေးစင်တာတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းရုံးရေး) စသည့် စစ်ကြောင်းကြီး ငါးကြောင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတွေ့ဆုံကာ နွေစပါး၊ ပဲတီစိမ်း၊ နေကြာ စသည့် စိုက်ပျိုးသီးနှံများ အောင်မြင်အောင် စိုက်ပျိုးကြရန်၊ သမဝါယမဦးစီးဌာနနှင့် ဆက်သွယ်၍ ကန်ထရိုက်လယ်ယာလုပ်ငန်း (Contract Farming)၊ အကျိုးတူလယ်ယာ စနစ်ဖြင့် စပါးနှင့်ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဒေသဖွံဖြိုး တိုးတက်ရေးအတွက် ကျေးလက်လမ်းများ ဖောက်လုပ်ရန်လျာထားမှု၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်ရုံးအဖွဲ့တို့ ပူးပေါင်း၍ ပုံစံ(၆၆/၆) နှင့် မှတ်ပုံတင်တို့ကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများအား အသိပေးဆွေးနွေးခြင်း၊ လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေများနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအား အသီးသီးအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
အဆိုပါ တွေ့ဆုံပွဲတွင် စစ်ကြောင်းကြီး(၅)ကြောင်းမှ အဖွဲ့ခေါင်းဆောင်များက လိုအပ်သော လုံခြုံရေးအစီအမံ များ၊ ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)