လှိုင်းဘွဲ စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့မဈေးအရှေ့၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ လှိုင်းဘွဲတပ်နယ်မိသားစုများက အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ကြက်ဥများအား သက်သာသောဈေးနှုန်းများဖြင့် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ဆန်(၁)ပြည် ၁၅၀၀ ကျပ်၊ စားအုန်းဆီ (၁) ပိဿာ (၄၀၀၀)ကျပ်၊ ကြက်သား(၁)ပိဿာ (၆၀၀၀)ကျပ်၊ ဝက်သား(၁)ပိဿာ (၁၀၀၀၀)ကျပ်၊ ငါးကြင်း(၁)ပိဿာ (၅၀၀၀)ကျပ်၊ ငါးခုံးမ(၁)ပိဿာ (၃၅၀၀)ကျပ်၊ ကြက်ဥ(၁)လုံး (၁၅၀)ကျပ်နှင့် စားဖိုဆောင်သီးနှံများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများကိုရောင်းချပေးခဲ့ကြသည်။
ဈေးဝယ်လာသူအိမ်ရှင်မတစ်ဦးက “ဈေးထဲမှာက ကြက်သား(၁)ပိဿာကို(၉,၀၀၀)၊ ဝက်သား(၁)ပိဿာ(၁၆,၀၀၀)၊ ကြက်ဥ(၁)လုံးက(၂၅၀) ဈေးရှိတော့ ဒီမှာကဈေးသက်သာတယ်။ မနေ့ကလည်း ဒီမှာရောင်းပေးတယ်လို့ သိခဲ့ရပါတယ်။ နေ့တိုင်းမဟုတ်လည်း တစ်လကို (၁)ကြိမ်ဖြစ်စေ၊ (၂)ကြိမ်ဖြစ်စေ ရောင်းပေးစေလိုပါတယ်၊ ဈေးနှုန်းသက်သာတော့ ဝယ်ရတာကို ပျော်တာပေါ့” ဟုပြောသည်။
လင်းသန့်(ပြန်/ဆက်)