ကျောက်ဆည်မြို့တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကျောက်ဆည် စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင်ယနေ့နံနက် (၉)နာရီက (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မင်းစိန် ဦးဆောင်မှုဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းရာတွင် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိ(၆)ဦး၊ အခြားအဆင့်(၂၂)ဦး စုစုပေါင်း(၂၈)ဦးတို့မှ စုပေါင်းသွေးလှူခဲ့ပြီး  ဆေးရုံ အုပ်ကြီးဒေါက်တာဝင်မော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီး အောင်မင်းစိန်တို့က ကြည်ရှုအားပေးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ရေးအချက်အလက်များရေးသွင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် သွေးလက်ခံခြင်းများ ဆောင်ရွက်ခဲ့ပြီး သွေးလှူဒါန်းသူများအား ကြက်ဥ၊ အချိုရည်နှင့်အဟာဖြစ်မုန့်များပေးဝေခဲ့ကြောင်း သိရသည်။

သက်မောင်