ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာတွင် ကိုဗစ် -၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask များဖြန့်ဝေ

ကျွန်းစု စက်တင်ဘာ ၁၄

ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည(၈)နာရီအချိန်က ​ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာတွင်  လှည့်လည်နှိုး​ဆော်ခဲ့ကြောင်းသိရသည်။

အဆိုပါနှိုးဆော်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ ပြန်လည်ဖြစ်ပွားလာပြီး ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ကူးစက်မှုများလာပါသောကြောင့်အိမ်အပြင်ထွက်လျှင် mask တပ်ဆင်၍ သွားလာကြပါရန်၊ လက်ကို ရေ၊ ဆပ်ပြာ၊ လက်သန့်​ဆေးတို့ဖြင့် မကြာခဏ ဆေးကြောပါရန်၊လူစုလူဝေး လူအုပ်စုများအား အတတ်နိုင်ဆုံး ရှောင်ရှား သွားလာလုပ်ကိုင်ပြောဆို နေထိုင်ကြပါရန်၊ကိုယ်ပူ ဖျားနာချောင်းဆိုးအပါအဝင် ကျန်းမာရေးအ‌ခြေအနေအား ဂရုပြုစစ်ဆေး သတိပြု၍ လိုအပ်ပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့သွားရောက်ပြသနိုင်ပါရန်၊ မိမိဒေသရှိ ပြည်သူများအကြား ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပညာပေး နှိုးဆော်ခဲ့သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် Maskများကို လမ်းသွားလမ်းလာများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)