ရေနံချောင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကင်းမြို့နယ်အတွင်းရှိစျေးများအတွင်း ကိုဗစ်-၁၉ ဆိုင်ရာ သတိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)များအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်တွင် ရန်ကင်းမြို့မစျေး၌ ပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့တွင် စားသောက်ကုန်များကို ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် တပ်နယ်မိသားစုများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိ

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့တွင် ပြည်သူများ စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက်၊ ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်စေရန်အတွက် ယနေ့နံနက်က မြို့မစည်ပင်သာယာဈေးအနီး မြို့မရဲစခန်းရှေ့တွင် ကျောက်ပန်းတောင်းတပ်နယ်မိသားစုများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက  သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ “လူကုန်ကူမှု တားဆီးကာကွယ်ရေး” အသိပညာပေးနံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ဘားအံခရိုင်၊လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ညာများဖြင့် ဝေဝေဆာဆာပြသ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် “လူကုန်ကူးမှု တားဆီးကာကွယ်ရေး” အသိပညာပေး နံရံကပ် စာစောင်များကို ယနေ့နေ့လယ် ၁၁ နာရီအချိန်က ပြသထားကြောင်း သိရသည်။

သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌"ကမ္ဘာကြီးရဲ့ တောင်ပံ တစ်စုံ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါတ်တာဖြိုးသီဟ ရေးသားသည့်"ကမ္ဘာကြီးရဲ့ တောင်ပံတစ်စုံ"စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်း ရှိ/မရှိနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်း ရှိ/မရှိနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က လူစည်ကားရာ လမ်းဆုံ လမ်းခွများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇေယျာသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်၊ မအူတော ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာရှိ စိုက်ပျိုးရေးကဏ္ဍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက်

ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗောဓိကုန်းကျေးရွာ‌ ကုန်ထုတ်လမ်း‌အချောသတ်ဆောင်ရွက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဗောဓိကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အချောသတ်ဆောင်ရွက်‌နေမှု လုပ်ငန်းအခြေအနေများကို

ဝမ်းတွင်းမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိးရေးတွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က နေပူကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.ထ.ကဆင်တဲကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။
Subscribe to