ခမောက်ကြီးမြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမရှိစေရန် Mask Campaign လှုပ်ရှားမှု ဆောင်ရွက်

ခမောက်ကြီးမြို့  စက်တင်ဘာ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် Mask Campaign  ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က  ဗိုလ်ချုပ်လမ်းမကြီး၌ အသိပညာပေး​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းက ဗိုလ်ချုပ်လမ်းမကြီးတွင် ဖြတ်သန်းသွားလာနေသောဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများပေါ့ဆနေခြင်း မရှိစေရန်၊ နေအိမ်ပြင်ပသို့ ထွက်ပါက ပါးစပ်၊ နှာခေါင်းစည်း မ်ားမျဖစ္မနေတပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်အပြည့် ထိုးနှံကြရန်နှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ် ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန်စသည်တို့ကို အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ တပ်ဆင်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အေးမြသက်(ပြန်/ဆက်)