ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ရဲတပ်ဖွဲ့ဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားနှင့် ချင်းပြည်နယ်လူငယ်ရေးရာ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတက်ရောက်

ဟားခါး စက်တင်ဘာ ၁၄

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု များအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့မ ရဲစခန်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာ စကားပြောကြားသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားရာတွင် ဟားခါး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ လုံခြုံရေးကို နေ့မအား ညမနား တာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များကို အသိအမှတ်ပြု ချီးကျူးပါကြောင်း၊ ယနေ့ထောက်ပံ့ပေးအပ် သည့် စားသောက်ကုန်ပစ္စည်းများဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုကို တန်ဖိုးဖြတ်ခြင်းမဟုတ်ဘဲ ရဲတပ်ဖွဲ့ဝင် များ၏ ပေးဆပ်မှုကို လေးစားဂုဏ်ပြုသည့် အနေနှင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြား သည်။

ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာန ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေးကို အဓိကတာဝန်ယူဆောင်ရွက်နေသည်မှာ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအကြား ယုံကြည်မှုနှင့် စည်းလုံးမှုပျက်ပြား လာအောင် သွေးထိုးလုံ့ဆော်မှုများရှိနေကြောင်း၊ သို့ဖြစ်၍ တပ်ဖွဲ့ဝင်များအနေဖြင့် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်ရှိကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် စစ်ဗျူဟာအခြေချ(ဟားခါး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းတို့က ရဲတပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ မိသားစုဝင်များအတွက် ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်း များကို ပေးအပ်ရာ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး၊ ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးများနှင့် ရဲတပ်ဖွဲ့ဝင်များက လက်ခံရယူကြပြီး ချင်းပြည်နယ်ရဲတပ်မှူး ရဲမှူးကြီး စိုးလွင်မိုးက ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြန်နယ်ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။

ဟားခါးမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကျပ် ၆၅၈၀၀၀၀၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ ကျပ် ၂၄၀၀၀၀၊ စုစုပေါင်း ကျပ် ၆၈၂၀၀၀၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည့် ချင်းပြည်နယ်လူငယ်ရေးရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်ပြီး ချင်းပြည်နယ်လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံလူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင်နှုန်းနီးပါးသည် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိသော လူငယ်များ ဖြစ်ကြောင်း၊ ဒီလူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ (၁−၈−၂၀၂၁) ရက်နေ့တွင် အမိန့်အမှတ် (၁၅၁/၂၀၂၁) ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး ရည်မှန်းချက် (၇) ချက်နှင့် မူဝါဒ (၇) ချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ချင်းပြည်နယ်အတွင်း မှာရှိကြသည့် လူငယ်များ၏ လက်ရှိဘဝသာယာလှပရေးနှင့် အနာဂတ်အတွက် အစည်းအဝေး တက်ရောက်လာ ကြသည့် ပြည်နယ်လူငယ်ရေးရာ လုပ်ငန်းကော်မတီဝင်များမှ ဝိုင်းဝန်းအကြုံပြု ဆွေးနွေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်လူငယ်ရေးရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးသန့်ဇင်နှင့် အတွင်းရေးမှူး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းအောင် တို့က အစည်းအဝေးခေါ်ယူရခြင်းအကြောင်းရင်းကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး အစည်းအဝေး တက်ရောက် လာကြသည့် ကော်မတီဝင်များက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)