မိုင်းယောင်း၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်

မိုင်းယောင်း စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊ ခရီးသွားပြည်သူများအား အပူချိန်တိုင်းတာပေးခြင်း၊ mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ဆေးထိုးကဒ်ကြည့်ရှုခြင်း လုပ်ငန်းများတွင် ကျန်းမာရေးဌာနနှင့်အတူ ရှေ့တန်းနေရာမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ပံ့ပိုးမှုဖြင့် ဟောင်ကြန့်ကျေးရွာအုပ်စု၊ အောင်မြေဆည်းဆာကျေးရွာ ဦးထက်မြတ်ထွန်း(ဖုန်း-၀၉၆၈၁၅၁၅၃၇၅)က ခြေတုများကို ခြေဖဝါးအသစ်လဲပေးခြင်း၊ ခါးပတ်ကြိုးများလဲလှယ်ပေးခြင်းလည်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း