ပန်းတောင်း စက်တက်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးကုန်မျိုးစုံပုစွန်(၂)ကောင် အမှတ်တံဆိပ်ပါစားသုံးဆီများရောင်းချမှုရှိ/ မရှိကို ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ စားသုံးကုန်မျိုးစုံရောင်းချလျက်ရှိသည့် စျေးဆိုင်(၅)ဆိုင်မှ ပုစွန်(၂)ကောင်အမှတ်တံဆိပ်ပါစားသုံးဆီများရောင်းချမှုရှိ/ မရှိကွင်းဆင်း စိစစ်ကြည့်ရှုစစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးထံမှ သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)