ဝါးခယ်မမြို့နယ် အ.ထ.က ကနစိုးကုန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က ကနစိုးကုန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်ရှိ တောင်သူများ မိုးနှောင်း ချည်မျှင်ရှည်ဝါများ စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်​မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ယခင်က မိမိတို့၏ယာမြေများတွင် မိုးနှောင်းကာလ၌ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်စားပင်များသီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုအချိန်တွင် အထွက်နှုန်းကောင်း စျေးကောင်းရရှိသည့် မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစိုက်ခင်းများ တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား (၁၀၀၂) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်အတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်   အဘိုး၊အဘွားများအား  လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌   ကျင်းပပြုလုပ်ရာ  ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး    တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကျင်းပ

ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို  ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to