ဟိုင်းကြီးကျွန်းမြို့၌ ရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး ပညာပေးပိုစတာ စိုက်ထူပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်း စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေနေ နို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး ပညာပေး ပိုစတာစိုက်ထူပွဲ အခမ်းအနား ကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်၊ ကမ်းနား လမ်းထောင့်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဟိုင်းကြီးကျွန်းဒေသအတွင်း ရေနေနို့တိုက်သတ္တဝါ မတော်တဆ ဖမ်းဆီးရရှိမှု လျော့ကျစေရန်နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ရေးလုပ်ငန်းများအား ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ရည်ရွယ်၍  ရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး ပညာပေးပိုစတာ စိုက်ထူဆောင်ရွက် ခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းထွန်းအောင် ဦးဆောင်သောဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)