ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရသူရိ စက်တင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   လူထုအခြေပြုဗဟိုဌာန၌ ချစ်နိုင်(စိတ်ပညာ)‌ရေးသားထားသည့် “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်း ကစာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်  စာဖတ်ခြင်း၏ အကျိုးကျေးဇူးများရရှိပုံတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Women Club အဖွဲ့ဝင် မချယ်ရီက ချစ်နိုင်(စိတ်ပညာ)၏ “တိုးတက်ချင်လျှင်ပြုပြင်” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့်လည်းကောင်း၊ မဇူးနေခြည်စိုးက  “စာဖတ်ပါ” ခေါင်းစဉ်ဖြင့်လည်း‌ကောင်း အသီးသီးဖတ်ကြားဆွေးနွေးကြရာ တက်ရောက်လာကြသည့် စာဖတ်ဝိုင်းပရိသတ်များက စာအုပ်ပါအကြောင်းအရာများနှင့်  လူငယ်များလက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် "လောကဇာတ်ခုံပေါ်မှာ" စာအုပ်သည် လူငယ်များဘဝတိုးတက်‌ရေး၊ စိတ်ကူးပုံဖော်ဆောင်ရွက်နိုင်ရေးနှင့် လမ်းညွှန်ဆုံးမထားသည့်  လူငယ်စိတ်ပညာ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး လူငယ်/လူရွယ်များအား အသိပညာဗဟုသုတရရှိရေး ပြုလုပ်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)