ကြံခင်းမြို့နယ် (Community Centre)တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော "လူငယ်နှင့်အောင်မြင်မှု"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကြံခင်း  စက်တင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre)တွင် ယမန်နေ့က စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Youth Club အဖွဲ့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော လူငယ်နှင့်အောင်မြင်မှု"စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းကျင်းပရခြင်းဖြင့်  စာဖတ်သည့် အလေ့အကျင့်နှင့် စာပေမှရရှိသော အသိပညာဗဟု သုတ တိုးပွားစေရန်၊ ဖတ်၊ မှတ်၊ လေ့လာထားသည်များကို အပြန်အလှန် ဆွေးနွေးမျှဝေနိုင်ရန် ရည်ရွယ်ကျင်းပကြောင်းကို မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိက ရှင်းလင်းပြောကြားပါသည်။

ထို့နောက်  Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “လူငယ်နှင့်အောင်မြင်မှု စာအုပ်မှ လူငယ်တွေရဲ့အနာဂတ်ယုံကြည်မှု၊  စိတ်ဓာတ်ခွန်အား၊  အသိအမြင် ခံယူချက် ပုံဖော်ရေးသားထားခြင်းကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသော Book Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များက မိမိတို့၏ သဘောထားအမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

မြို့နယ်( ပြန်/ဆက်)