ပန်းတနော်မြို့နယ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပန်းတနော် စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်ကြီးကြပ်မှုဖြင့် အ.မ.က (၃) ကျောင်းနှင့် မဏီရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယနေ့ နံနက် ၉ နာရီက စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ အများပြည်သူများ အမှိုက်သိမ်းစနစ်တွင် ပူးပေါင်းပါဝင်လာရေး၊ အမှိုက်ကင်းစင်ရေးတို့အတွက် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရန် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး အမှိုက်နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ဟောပြော၍ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား စာရေးကရိယာပစ္စည်းများ ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)