မန်တုံ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယမန်နေ့က ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ကို မန်တုံမြို့နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) ဆောင်ရွက်ရာတွင် မန်တုံမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်အောင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်းမှာ မန်တုံမြို့နယ်အတွင်းရှိ ယာဉ်မောင်းသူများနှင့် အများပြည်သူများတို့ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်း၊ ဒုရဲအုပ် သန်းနိုင်ဦးက မန်တုံမြို့နယ်အတွင်းရှိ ပြည်သူများယာဉ်အန္တရာယ်မှ ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးများ၊ ပြည်သူအားလုံး ယာဉ်အန္တရာယ်မှ ကင်းဝေးစေရန်အတွက် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကို လိုက်နာကြရန်၊ သင့်ပတ်ဝန်းကျင် ယာဉ်အန္တရာယ် ကင်းဝေးစေရန် ယာဉ်မောင်းသူများ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လိုက်နာကြရန်၊ ခြေလျင် လမ်းလျောက်သူ မိဘပြည်သူညီအစ်ကို/မောင်နှမများအနေဖြင့်လည်း လမ်းစည်းကမ်းကို အထူးလိုက်နာမှ ယာဉ်အန္တရာယ်မှ ကင်းဝေးနိုင်မည် ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
မန်တုံ(ပြန်/ဆက်)