ဝါးခယ်မ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဘိုးဘေးကျေးရွာအုပ်စု၊ ဘိုးဘေးကျေးရွာ၌ မိုးစပါး စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာထောက်ပံ့ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားစေရေး ကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုများ တက်ရောက်ကြပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းမှ တောင်သူများအား ယခုနှစ်မိုးစပါရာသီတွင် စပါးအထွက်တိုးကောင်းမွန်စေရန် စိုက်ပျိုးရေးနည်းပညာများကို တောင်သူဦးကြီးများထံဝေမျှကာ စပါးအထွက်တိုးအောင် နည်းမှန်၊ လမ်းမှန် စိုက်ပျိုးနိုင်ရေး၊ မိုးစပါးရိတ်သိမ်းပြီးပါက လမ်းဘေးဝဲယာ တလျှောက် နေကြာတကွင်းတစပ်တည်း စိုက်ပျိုးနိုင်စေရေးနှင့် မြေဆီလွှာများ မပျက်စီးအောင် ထိန်းသိမ်ကာကွယ်ရန် နည်းလမ်းများကို အသိပညာပေး ဆွေးနွေးခဲ့ပြီး မိုးရာသီတောင်သူ နည်းပညာပေး စမ်းသပ်ကွက် စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာအိတ်များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း
ဝါးခယ်မ(ပြန်/ဆက်)