မိုးညှင်း၊ စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ကျောင်းသား ကျောင်းသူများအား လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ ပြောဆိုတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီ မိနစ် ၃၀ က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အ.မ.က(မူလွန်)အရှေ့စုကျောင်းမှ ကျောင်းသား/သူ (၃၀)ဦးတို့က ပုံပြင်ပြောပြိုင်ပွဲတွင် လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် လည်းကောင်း၊ အသီးသီး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား ကျောင်းသူများနှင့် စက်တင်ဘာ (၁၄)ရက်က ကဗျာရွတ်၊ စက္ကူအရုပ်ခေါက်နှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်