လားရှိုးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်

လားရှိုး စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းအချိန်မှစ၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၉) အခြေခံပညာကျောင်းများသို့ သွားရောက်၍ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ချိုသဇင်နှင့်  အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် ဒေါ်ဟန်နီလင်းကို တို့က သဘာ၀ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ‘ကြိုတင်ကာကွယ် သဘာ၀ဘေးအန္တရာယ်’ ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။ ထို့နောက် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအတွက် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ ကျောင်းသုံးစာရေး ကိရိယာများနှင့် လက်ဆေးဆပ်ပြာဆီများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး