မိုးညို စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာရှိ တောင်သူဦးဇော်မင်းထွန်း၏ ကွင်းအမှတ်(၆၅)တွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ကြည့်ရှုခဲ့သည်။
အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သီတာဦးနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးချိုဝင်းနှင့်ဝန်ထမ်းများက မိုးစပါးစံကွက်(၅)ဧကအတွင်း စံကွက်(၆.၆)ပေဖြင့်တိုင်းတာ၍ စံကွက်မှရရှိသော စပါးအား အထွက်နှုန်းတွက်ချက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကောက်ရိတ်သိမ်းခြွေလှေ့စက်ဖြင့်ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းနှင့် စပါးအထွက်နှုန်း ချိန်တွယ်တွက်ချက်ခဲ့ရာ ရက်(၉၀)စပါးတစ်ဧကလျှင် စပါးအစိုအထွက်နှုန်း (၁၀၁.၅၆)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)