တနိုင်းမြို့နယ် မူလတန်းလွန် ကောင်ဂျာကျောင်းတွင် RC(၂)ထပ် ကျောင်းဆောင်သစ် ပန္နက်တင်ပွဲ အခမ်းအနား ကျင်းပ

တနိုင်း စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဆွတ်ငိုင်ရပ်ကွက် မူလတန်းလွန်‌ ကောင်ဂျာကျောင်းတွင် အလျား ၉၀‌ ပေ အနံ ၃၀ ပေ RC (၂) ထပ်  ကျောင်းဆောင်သစ် ပန္နက်တင်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၅) ရက်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညီညီဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်လွမ်းတူး၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ပန္နက်တော်တင်ကြပြီး အမွေးနံသာများဖြင့် ပက်ဖျန်းကြသည်။

အဆိုပါအဆောက်အဦကို အလျား (၉၀)ပေ၊ အနံ (၃၀) ပေဖြင့်  RCC (၂)ထပ်ဆောင် အဖြစ်ဆောက်လုပ်သွားမည်ဖြစ်ပြီး ထိုအဆောက်အဦသည် ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် လိုအပ်လျက်ရှိ​ကြောင်း သိရသည်။

မနောမြေ(တနိုင်း)