ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် မျိုးစေ့ထုတ်နေကြာ(၅၅)ဧကစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှ နည်းပညာများ ကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ် စိုက်ခင်း ဧက(၂၀၀) စိုက်ပျိုးထားကြောင်းနှင့် မှိုင်းပန်ကျေးရွာတွင် မျိုးစေ့ထုတ်နေကြာ(၅၅)ဧက စိုက်ပျိုးထားရာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မျိုးစေ့ထုတ်နေကြာသီးနှံများကို မှိုင်းပန်ကျေးရွာတွင် (၅၅)ဧက၊ ကလေးကျေးရွာတွင်(၅)ဧက၊ တောင်တော်ကျေးရွာတွင် (၁၂.၅၀)ဧက၊ ရှားပင်ကျေးရွာတွင်(၃၁.၀၀)ဧက၊ ဒွေးလှကျေးရွာတွင်(၆၉.၅၀) ဧက၊ အနောက်ရွာတော်ကျေးရွာတွင်(၁၃.၀၀)ဧက၊ ကြောင်ပန်းကုန်းကျေးရွာတွင်(၁၄.၀၀)ဧက စုစုပေါင်း (၂၀၀)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးစေ့ထုတ်နေကြာသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး မျိုးကောင်းမျိုးသန့်ဖြစ်သည့် ရေဆင်း စပ်မျိုး(၁) နေကြာမျိုးများစိုက်ပျိုးထားကြောင်း အဆိုပါမျိုးသည် အပင်ပေါက်နှုန်း(၈၀)ရာခိုင်နှုန်း အထက်တွင်ရှိပြီး တစ်ဧကမျိုးစေ့(၃)ပြည်အသုံးပြုကာ သတ်မှတ်အပင်ဦးရေ(၂၉၀၀၀)ဝင်ဆန့်စေရန် တန်းကြား (၂)ပေ၊ ပင်ကြား(၉)လက်မဖြင့် (၁)ကျင်းလျင်မျိုးစေ့ (၂)စေ့နှုန်းဖြင့် အပင်ပေါက်သေချာစေ ရန် မြေတွင်း အစိုဓာတ် လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲတွင် စနစ်တကျစိုက်ပျိုးထားကြောင်း နှင့် သွင်းအားစုအနေဖြင့် တစ်ဧကနွားချေးနှင့် မြေဆွေးတစ်မျိုးမျိုးကို နွားလှည်း(၈)စီး၊ ယူရီယား (၁၁၂) ပေါင်၊ တီစူပါ (၅၆)ပေါင်နှင့် ပိုတက်ရှ်(၅၆)ပေါင် ထယ်ရေးပြင်ချိန်တွင် အသုံးပြုပြီး အဖူးဝင်ချိန်တွင် ယူရီးယား (၅၆)ပေါင် ထပ်မံထည့်သွင်းစိုက်ပျိုးကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)