မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) ထည့်သွင်းခြင်းများ အချိန်မီပြီးစီးရေး နေ့စဉ်ဆောင်ရွက်

မြောင်းမြ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များအား e-ID Software  Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းအား  သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးအတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း(ပုံစံ-၆၆/၆)များ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e - ID စနစ်ဖြင့် Software  အသုံးပြုကာ Database ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များတွင် အဆိုပါလုပ်ငန်းများကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်၍ နေ့စဥ်ဆောင်ရွက်ခဲ့ပြီး  မြို့နယ်အလိုက် သတ်မှတ်အိမ်ထောင်စုများကို ပြီးစီးအောင် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ရာ ​မြောင်းမြမြို့နယ်အတွင်း အိမ်ထောင်စုပေါင်း (၉၄၆၃၇)စုရှိရာ စက်တင်ဘာ ၁ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ထည့်သွင်းပြီးစီးမှုမှာ (၈၃၁၉၆)စု ရှိပြီး၊(၈၇.၉%)ပြီးစီးကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)