မြဝတီ စက်တင်ဘာ ၁၆
ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာ၊ စာရိတ္တရေးရာ မြင့်မား တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားစေရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် ပလတ်စတစ်အန္တရာယ် လျော့နည်းကျဆင်းစေရေးတို့ကို သိရှိလိုသော ရည်ရွယ်ချက်ဖြင့် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့ အခြေခံပညာ အထက်တန်းကျောင်း (ရွှေက္ကိုလ်မြိုင်)နှင့် အခြေခံပညာ မူလတန်း(လွန်) ကျောင်း တို့တွင် ယနေ့နံနက် ၉ နာရီခွဲက စတင်ဟောပြောပေးကြောင်း သိရသည်။
ဟောပြောပွဲတွင် မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ကျောင်းသား၊ ကျောင်းသူများအတွက်ဌာ နဆိုင်ရာများပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပေးပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက လူငယ်တွေအတွက် ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ကြောင်း၊ ပညာဟုဆိုရာမှာ စာပေသာမက အသိပညာ၊ အတတ်ပညာများ ပါဝင်ကြောင်း၊ လူငယ်ဘဝ ပညာသင်အရွယ်မှစပြီး မိမိဘဝအတွက် ကောင်းမွန်သော ရည်မှန်းချက်၊ ရည်ရွယ်ချက်ထားရှိရမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဂရုပြုရမည့် အချက်များကိုလည်ကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ရအောင်က ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေဖို့ သစ်ပင်ပန်းမန်စိုက်ကြစို့ ခေါင်းစဉ်နှင့် ပလတ်စတစ်အန္တရာယ် လျော့နည်းကျဆင်းစေရေး ဂရုပြုရမည့် အချက်တို့ကို ရှင်လင်း ဟောပြော ပေးပြီးနောက် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ကြရာ အဖြေမှန်သူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ များအတွက် အသိပညာဗဟုသုတရရှိစေမည့် သုတ/ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသပေးပြီး နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)