မြောင်းမြမြို့ အ.ထ.က(၂) (ရေတွင်း ရေကန်) ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မြောင်းမြ စက်တင်ဘာလ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အ.ထ.က(၂) (ရေတွင်းရေကန်) ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းခင်းဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ..က () (ရေတွင်းရေကန်) ကျောင်းအဝင်လမ်း ကွန်ကရစ်ခင်းမည့် အရှည်သည်  (၁၁၀၀) ပေရှိပြီး၊ အကျယ်(၁၂)ပေ၊ ထု ()လက်မဖြင့် ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်မည်ဖြစ်ပြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျပ်သိန်း (၁၉၈)သိန်း အကုန်အကျခံ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကွန်ကရစ်လမ်းခင်းနေမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်း​ဌေးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ လမ်းကော်မတီမှ  တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး လုပ်ကိုင် ဆောင်ရွက်သွားရန် မှာကြားခဲ့‌ကြောင်း သိရသည်။

မြောင်းမြခရိုင်

(ပြန်/ဆက်)