ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းတွင် ယာဉ်ထိခိုက်မှုဖြစ်ပွားပြီး သေဆုံးခဲ့သူများနှင့် ဒဏ်ရာလူနာများ အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် တည်ပင်တဲကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း မိုင်တိုင် (၄၅/၁) အနီးတွင် ယမန်နေ့ည (၈) နာရီခန့်က သန်မြန်သူခရီးသည်တင်ယာဉ်နှင့် ပုဂံမင်းသားခရီးသည်တင်ယာဉ်တို့ တိုက်မှုဖြစ်ပွာပြီး၊ သေဆုံးသူ (၁၃) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၃) ဦးရှိခဲ့ရာ၊ အဆိုပါ သေဆုံး/ဒဏ်ရာရသူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညောင်ဦးခရိုင်နှင့် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ယနေ့မွန်းလွဲ (၁) နာရီခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်လူနာများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်နှင့် အကျင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်နှင့်အကျင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက် (၁၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် တည်ပင်တဲကျေးရွာအုပ်စု ဇီးဖြူကုန်းကျေးရွာ၊ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း မိုင်တိုင်(၄၅/၁)အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ (၁၃) ဦးသေဆုံးပြီး (၂၃)ဦးဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် တည်ပင်တဲကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ၊ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း မိုင်တိုင်အမှတ်(၄၅/၁)အနီးတွင် ယမန်နေ့ ည ၈ နာရီခွဲခန့်က  ခရီးသည်တင်ယာဉ်(၂)စီးတိုက်မှုဖြစ်ပွားရာ အခင်းဖြစ်နေရာတွင်ပင် လူ(၁၁)ဦးသေဆုံး၍ (၁၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မြို့နယ်တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စေတုတ္တရာမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၁:၁၅) အချိန်တွင် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ (၁၂) ရက်နှင့် (၁၃) ရက်တို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to