သာပေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်‌ ထောက်ပံ့ငွေ ပေးအပ်

သာပေါင်း စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၈၅၉)ဦးတို့ကို မြိုနယ်လူမှု၀န်ထမ်းဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပြည်အေးခန်းမ၌ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်၀ယ်သို့လွှဲ‌ပြောင်း ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ‌ ဒေါ်ယဉ်ယဉ်မြင့်တို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ) သုံးလစာ လူမှုရေးပင်စင် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး(၃၃၄)ဦး၊ အဘွား(၅၂၅)ဦး သက်ကြီးဘိုးဘွာ(၈၅၉)ဦးတို့ အတွက် ပေါင်းငွေ ကျပ်(၂၅,၇၇၀,၀၀၀)တို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ ကြကြောင်းသိရသည်။
မျိုးဇော်သိန်း

သာပေါင်း ပြန်/ဆက်