ဘိုကလေးမြို့နယ်အတွင်းမှ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် ငွေကျပ်(၃၀၀၀၀)နှုန်း ထောက်ပံ့ပေးလျက်ရှိရာ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ လများအတွက် (၃)လစာ ထောက်ပံ့ငွေများအား ယမန်နေ့ နံနက်(၁၁)နာရီခွဲ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းအား ဌာနဆိုင်ရာများ ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအား အစားအသောက် လုံခြုံစိတ်ချစေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Women Club) အသင်းဝင်များစုပေါင်း၍ ယနေ့နံနက် ၁၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည့် “ဘဝတန်ဖိုး၊ အမှန်တိုးအောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ကြသည်။

ထားဝယ်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask နှင့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် ထားဝယ်မြို့အတွင်း Mask နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၃/၂၀၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကမမောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကမမောင်းမြို့တွင် ယာယီတိမ်းရှောင်ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ရိက္ခာပစ္စည်း ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရွှေမြတ်မျိုးကြွယ်ဘုန်းတော်ကြီးကျောင်း သီရိသုခဓမ္မာရုံ၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁,၉၅၅) ဦး ထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများ ကူးစက်မှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခြင်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ထိုးပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁) နာရီက စုကြီးရပ်ကွက်၊ မြို့တော်ခန်းမနှင့် အခြေခံပညာကျောင်းများတွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၁,၉၅၅)ဦး ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။

မချမ်းဘော့မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

မချမ်းဘော့မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက် မချမ်းဘော့ စက်တင်ဘာ ၁၅ မြို့နယ်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်းပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to