ငါ့သရောက် စတင်ဘာလ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်တွင် လူကုန်ကူးမှုတာဆီး ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် အငယ်တန်းစာရေး ဒေါ်မာမာခိုင်တို့မှ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ဒေါအေးအေးမိုးမှ လူကုန်ကူးမှုများတွင် လူကုန်ကူးခံရသူကို စုဆောင်းရာ၌ အသုံးပြုသော နည်းလမ်းဖြစ်သည့် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အခြားနည်းများဖြင့် အနိုင်ထက်ပြုခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘဝရပ်တည်ရန်ခက်ခဲနေသော အခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီချက် ရရှိရန်ငွေကြေး သို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း၊ သို့မဟုတ် လက်ခံရယူခြင်း စသည့်နည်းလမ်းမျိုးစုံကို အသုံပြုကာ လူကုန်ကူလျက်ရှိပြီး လူကုန်ကူခံရသူအများစုမှာလည်း မြို့ပြများ၏ ဆင်းရဲချို့တဲ့သော အောက်ခြေလူတန်စားနှင့် ကျေးလက်ဒေသများမှ မိန်ကလေးများ၊ ကလေးသူငယ်များနှင့် ပညာအခြေခံနည်းပါးပြီး ဗဟုသုတ မပြည့်စုံသူတွေကို အဓိကပြစ်မှတ်ထားကြပုံကို ဆွေးနွေးတင်ပြထားပါသည်။
ထိုနောက် ဒေါ်မာမာခိုင်မှလည်း ယခုခေတ်တွင် လူကုန်ကူးသူတွေအနေနဲ့ မိန်ကလေး၊ ကလေးသူငယ်တွေ၊ ပညာအခြေခံနည်းပါးပြီးဗဟုသုတ မပြည့်စုံသူတွေကို အဓိက သားကောင်များအဖြစ် ရွေးချယ်သတ်မှတ်ပြီး ရောင်ဝယ်နေကြတယ် ဆိုပေမယ့် အမှန်စင်စစ် အားဖြင့် ခိုင်မာစိတ်ချရတဲ့ ကြိုတင်ပြင်ဆင်၊ လေ့လာဆက်သွယ်မှုများမရှိဘဲ ရေခြား၊ မြေခြား ရွေ့ပြောင်းသွားလာသူ မည်သူမဆို ဘယ်လိုပုဂ္ဂိုလ်မျိုးမဆို လူကုန်ကူးမှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နိုင်ရပြီး။ မိမိပတ်ဝန်းကျင်ရှိ မိန်ကလေးများ၊ ကလေးသူငယ်များနှင့် ပညာအခြေခံနည်းပါးပြီးဗဟုသုတ မပြည့်စုံသူတွေကို လူကုန်ကူးသူများ၏ သွေးဆောင်ဖြား ရောင်းခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်းများ မခံရစေရန် လူကုန်ကူးမှုအန္တရာယ်နှင့် ပက်သက်ဆက်နွယ်သည့် အသိပညာပေးဆောင်ရွက်ချက်များကို အမျိုးသားရေးတာဝန်အဖြစ် ပါဝင်ဆောင်ရွက်သင့်ကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
P.W.A (ပြန်/ဆက်)