ညောင်ဦး စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသား ကျောင်းသူများ အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/ သူများ၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။
ညောင်ဦးခရိုင်အတွင်း အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု ညောင်ဦးမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ (၅၇၉၄)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၅၃)ဦးနှင့် ကျောက်ပန်းတောင်းမြို့နယ်၌ ကျောင်းသားကျောင်းသူ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ (၁၃၇၇၀) ဦး၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား၊ ကျောင်းသူ (၃၇)ဦးထိုးနှံပြီးစီးကာ၊ ညောင်ဦးခရိုင်အတွင်း အသက် ၁၂ နှစ်အထက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ ညောင်ဦးမြို့နယ်တွင် (၂၆၄၇)ဦး၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ကျောင်သား၊ ကျောင်းသူ ၁၄ ဦးနှင့်ကျောက် ပန်းတောင်းမြို့နယ်တွင် (၈၁၇၈)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၄) ဦးထိုးနှံပေးနိုင်ခဲ့ရာ ညောင်ဦးခရိုင်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၅၀၇) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသားကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ကိုကြေးမုံ