ကိုယ့်အားကိုယ်ကိုး ကျေးရွာချင်းဆက်တံတားဖွင့်ပွဲကျင်းပ

လွိုင်လင် စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ နောင်ဟူး-ဟိုတင့်လမ်း နောင်တောင်းရွာအနီးရှိ ပျက်စီးသွားသည့် တံတားအား ပြန်လည်ပြုပြင်ပြီးဖြစ်၍ တံတားသစ်ဖွင့်ပွဲကို စက်တင်ဘာလ ယမန်နေ့ နံနက် (၈)နာရီက ဖွင့်ပွဲကျင်းပသည်။

အဆိုပါတံတားသည် သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး အရှည်  ၈ ပေ၊ အကျယ် ၂၅ ပေရှိရာ ကုန်ကျစရိတ်မှာ လုပ်အားခမပါ  (၇၅)သိန်းကျော် ကုန်ကျကြောင်းနှင့် ဟွေးဟောင်း ကျောင်းဆရာတော် ဘဒ္ဒန္တသုနန္ဒမှ ဦးဆောင်ကာ ဆောင်ရွက်ကြောင်း သိရသည်။ တံတားသစ်အား ဟွေးဟောင်းကျောင်းဆရာတော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

တံတားသစ်ဖွင့်အခမ်းအနားသို့ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူ /ကျေးရွာသားများ တက်ရောက်ကြသည်။

အဆိုပါတံတားသည် နောင်ဟူး-ဟိုတင့်လမ်း၊ နောင်တောင်းကျေးရွာအနီးတွင်တည်ရှိပြီး နောင်ဟူး - နောင်တောင်း - ပန်ဝိုး - ဝါးတော - ဟွေဟောင်းရွာများမှ ပြည်သူများ အသုံးပြုအားထားရသော တံတားဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်