ဒိုက်ဦး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာအုပ်စု၊ နှင်းပုလဲကျေးရွာဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေး သင်တန်းဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးဦးကျော်စိုးမိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်မြင့်ထွန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်း၊ ကျေးလက်လမ်းဦးစီးဌာနဦးစီးမှူးဒေါ်နွယ်နီထွန်း၊ စက်မှုလယ်ယာဦးစီးမှူး ဦးသီဟကျော်စွာ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမျိုးမြင့်၊ ဆည်မြောင်းဦးစီးအရာရှိ ဦးဟန်ကိုလတ်နှင့် စိုက်ပျိုးရေးဦးစီးမှူးဦးဇော်သိန်းနိုင်တို့က မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက်ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူကြီးများ၏ သိလိုသည်များအား သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)