မအူပင် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ အမှတ်(၆) ရပ်ကွက်၊ ဓမ္မသိပ္ပံဘုန်းတော်ကြီး ကျောင်းတိုက်ရှေ့တွင် ယနေ့ နံနက်ပိုင်းက ဆန်၊ ဆီ၊ ဆားနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ပြည်သူများအား သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချပေးရာနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝာာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို အားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆန်ကုန်သည်များနှင့် ဆီကုန်သည်များမှ စုပေါင်း၍ တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည် ငွေကျပ် ၃၀၀၀ နှုန်း၊ ဆီ ၅၀ ကျပ်သား ငွေကျပ် ၂၅၀၀ နှုန်း၊ ဆား ၅၀ ကျပ်သား ငွေကျပ် ၂၀၀ နှုန်း၊ ကြက်ဥ ၆ လုံး ငွေကျပ် ၁၀၀၀ နှုန်း၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက လွတ်လပ်စွာ လာရောက်ဝယ်ယူခဲ့ကြကြောင်းနှင့် တစ်ပတ်လျှင်(၂)ကြိမ် အင်္ဂါနေ့နှင့်သောကြာနေ့များ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)