ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ သက်နိုင် (ပြင်ဦးလွင်) ရေးသားသည့် “ကြယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club) နှင့် စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင်  နေကြာသီးနှံ(၂၆၈၇)ဧကစိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်း

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် မျိုးစေ့ထုတ်စိုက်ဧက(၂၀၀)အပါအဝင် နေကြာသီးနှံ(၃၁၉၇)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၂၆၈၇)ဧကစိုက်ပျိုးပြီးစီးပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ငါးသိုင်းချောင်းမြို့၌ ပလတ်စတစ်အိတ် သုံးစွဲနေမှုများအား လိုက်လံစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့အဖြစ် သတ်မှတ်ထားရာ ပလတ်စတစ်အိတ်သုံးစွဲမှု ရှိ/မရှိကို ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့ ဦးဆောင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်း၌ လိုက်လံစစ်ဆေးခဲ့ကြပါသည်။

ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

မင်းဘူးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံသို့ မကွေးစက်မှုလက်မှု သိပ္ပံမှကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ မကွေးအစိုးရ စက်မှုလက်မှုသိပ္ပံမှ ကျောင်းသား၊ ကျောင်းသူများကြီးကြပ်သူ ဆရာ၊ ဆရာမများ ယမန်နေ့ နံနက် ၉ နာရီအချိန်က လာရောက်လေ့လာခဲ့ကြသည်။

နတ်မောက်မြို့နယ်တွင် ပြည်သူများအားစျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရန်ရောင်းချ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏လမ်းညွှန်ချက်အရ နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးစျေးအနီးရှိ ဥပဒေရုံးရှေ့၌ ရောင်းချပေးခဲ့သည်။                                       

တွန်းဇံမြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်‌ရေးတွင် တစိတ်တဒေသ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်  အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျော့၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်  ယနေ့နံနက် ၉ နာရီ အချိန်က  ခေါ်ဝုန်လေးဆန်းရပ်ကွက်ရှိ ချင်းရွှေပြည်ခန်းမရှေ့တွင် ရောင်းချပေးခဲ့သည်။

မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က လယ်ပြင်ရပ်ကွက်၊ မဟူရာလမ်း BOX Culvert ပြုလုပ်ခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်( ၂.၀၀၀) သန်းဖြင့် မြို့သစ်မြို့လယ်ပြင်ရပ်ကွက်၊ မဟူရာလမ်း BOX Culvert ပြုလုပ်ခြင်း များကို စက်တင်ဘာပထမပက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်မြို့နယ်၏တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး မိုးစပါးဧက(၁၀၀) စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ငါးရွာ‌ကျေးရွာအုပ်စု၌ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားရှိသော တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး  ဧက(၁၀၀)စံပြကွက် မိုးစပါး စိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to