ရန်ကင်းမြို့နယ်တွင် အသက် ၁၀နှစ်အထက် ကျောင်းသား/သူ (၁၆၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား/သူများ မှန်ကန်တိကျတဲ့ ထောက်ခံချက်နှင့် ဆောင်ရွက်ပေးခြင်းဖြင့် ပြင်ဆင်ဖြည့်စွက်ရန်မလိုဘဲ နိုင်ငံသားစိစစ်ရေးကတ် သေတပန်သက်တဆုံး အသုံးပြုရန်ရည်ရွယ်၍ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကင်းမြို့နယ် ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်မြို့နယ် သမဝါယမအသင်းစု၏ဘဏ္ဍာရေး နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ / ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် အမှတ်-၁ အခြေခံပညာမူလတန်းကျောင်း ရုံးခန်းမ၌ ကျင်းပခဲ့သည်။

(၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် သီးခြားတပ်ဖွဲ့များမှ ယမန်နေ့နံနက် ၇ နာရီက တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်အသုံးပြု သွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ဈေးတွင် ပြုလုပ်ခဲ့သည်။

စလင်းမြို့ မြင်တင်ရပ်မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တော် စိုက်ထူခြင်းအခမ်းအနား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တော်တင်အခမ်းအနားကို ယမန်နေ့ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပန္နက်တော်စိုက်ထူခဲ့ကြောင်း သိရှိသည်။

မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီလင်းဇွဲကျေးရွာ အ‌ခြေခံပညာ အလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လင်းဇွဲမဲဇလီကျေးရွာအုပ်စု၊ မဲဇလီလင်းဇွဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ) အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မဲဇလီလင်းဇွဲကျေးရွာ အထက်တန်းကျောင်းခွဲ အရှေ့မျက်နှာစာ၌ ကျင်းပသည်။
Subscribe to