ပြည်မြို့နယ်၏တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး မိုးစပါးဧက(၁၀၀) စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်း

ပြည် စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ငါးရွာ‌ကျေးရွာအုပ်စု၌ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားရှိသော တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး  ဧက(၁၀၀)စံပြကွက် မိုးစပါး စိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့ ဒီနှစ်ဧက(၁၀၀)မိုးစပါး စံပြကွက်စိုက်ပျိုးရာမှာ ပြည်ထောင်စုဘတ်ဂျက်နဲ့ တောင်သူ‌တွေအတွက် မျိုးစေ့နဲ့ဓာတ်မြေဩဇာ တွေထောက်ပံ့ပေးပြီး တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး၊ ပိုးမွှားကင်းစင်ရေးနဲ့ စိုက်ခင်းအောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာနဲ့ တောင်သူအသိပညာပေး လုပ်ငန်းတွေကို ကျွန်တော်တို့စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်း‌တွေက  တောင်သူတွေနဲ့ အတူ ကွင်းထဲထိအရောက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိအနေအထားမှာ စိုက်ခင်းအောင်မြင်ဖြစ်ထွန်း‌နေတာ အရမ်းအားရစရာ ကောင်းပါတယ်"ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

 

ပြည်မြို့နယ်တွင် အဆိုပါဧက(၁၀၀)စံပြစိုက်ခင်းအပါအဝင် ယခုနှစ် မိုးစပါးလျာထားဧက (၇၄၆၄၀)ပြည့်မီကျော်လွန်၍ စုစုပေါင်း ၇၄၆၄၂ ဧက စိုက်ပျိုးထားနိုင်ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)