(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သီပေါမြို့၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်
၂၀၂၂ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဇာတ်စုရပ်ကွက်ရှိ နန်းဦးစေတီပရိယတ္တိစာသင်တိုက်အတွင်း၌ မြို့နယ်ရဲတပ်ဖွဲ့၏ဦးဆောင်မှုဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီကဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။