ပူတာအိုမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများကိုအခြေခံ၍ လူငယ်များ အားကစားကို ပိုမိုစိတ်၀င်စားလာပြီး စိတ်ဓါတ်ခန္ဓာပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊လူငယ်များအားကစားကို စိတ်ပါ၀င် စားလာပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားစေနိုင်ရန်နှင့် မြို့နယ်ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကျင်းပခဲ့သော မြို့နယ်အားကစားနှင့်ကာယ ပညာကော်မတီ ဥက္ကဋ္ဌ ဖလား အမျိုးသားအလွတ်တန်းဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ(၃)နာရီက ပူတာအို ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။