လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ရပ်ကွက် ၊ကျေးရွာနှင့် စည်ပင်သာယာစျေးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် Mask Campign အသိပညာပေး ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့်ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်တို့အတွင်း အခြေခံပညာမူလတန်းကျောင်းသူ၊ ကျောင်းသားများနှင့် စျေးများအတွင်း စျေးရောင်းစျေးဝယ်သူများ အသွားအလာပြည်သူများတို့ကို ယမန်နေ့နံနက် ၉ နာရီတွင် Mask Campaign များ ပြုလုပ်၍ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။