ကန်ကြီးထောင့် စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံလူတန်းစားများအားသက်သာသော ဈေးနှုန်းဖြင့် ဆန်နှင့် ကြက်ဥ၊ ဆားများအား ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်တွင် အမှတ်(၃ )ရပ်ကွက် ညောင်ငူရပ်ကွက်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းအောင် နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတို့မှ ပြည်သူများအား ဆင်းသုခဆန် တစ်ပြည်လျှင်(၁၅၀၀)ကျပ်၊ ကြက်ဥ တလုံးလျှင် (၁၅၀)၊ ဆား (၅၀)သားတထုပ်လျှင် (၂၀၀)ကျပ်နှုန်းဖြင့် သက်သာချောင်ချိရေး ဆက်လက် ရောင်းချပေးလျက်ရှိကြရာ ပြင်ပဈေးထက် သက်သာစွာ ဝယ်ယူရရှိသဖြင့် ပြည်သူများလာရောက်ဝယ်ယူကြ ကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)