ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေး

ကော့ကရိတ် စက်တင်ဘာ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  အိမ်ပြင်သွားလာကြသည့် ပြည်သူ့များအား Mask နှာခေါင်းစည်း တပ်ဆင်၍ သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီချိန်က အမှတ် ၃ ရပ်ကွက် မြို့မစျေးကြီးနှင့် လမ်းဆုံလမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့် ဝေပေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ အိမ်ပြင်ထွက်သွားလာနေကြသည့် ပြည်သူများ၊ မြို့မစျေးအတွင်း စျေးရောင်းစျေးဝယ်သူများအား Mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေး အသိပေးeနှိုးဆော်ပြီး Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်ဆက်)