ရပ်စောက် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင် ဒေါ်ကြည်ဌေးက လူကုန်ကူးမှုနှင့်လူမှောင်ခိုခြင်းဆိုသည်မှာ၊ လူကုန်ကူးခံရနိုင်သည့် အကြောင်းအရင်းများ၊ လူကုန်ကူးခံရသူများအကြောင်း၊ လူကုန်ကူးမှုပုံစံများ၊ တရားမဝင်ရွှေ့ပြောင်းခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပပျောက်ရေးအတွက် အသိပညာပေးဆောင်ရွက်နေမှု အခြေအနေများအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။
ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ် Online မှတစ်ဆင့် အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပြီး ယနေ့ဆွေးနွေးသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲအပြည့်အစုံကို We Love Yatsauk Facebook Page တွင်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆုမွန်(မြို့နယ်ပြန်/ဆက်)