ငါးသိုင်းချောင်း စက်တင်ဘာ ၂၀
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် အငြိမ်းစားမူလတန်း ကျောင်းအုပ်ဆရာကြီးများက ကမ္ဘာ့ဆရာများနေ့အကြို အသိပညာပေး Talk show ကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ကြပါသည်။
ကမ္ဘာ့ဆရာများနေ့အကြို အသိပညာပေး Talk show ကို အငြိမ်းစားမူလတန်း ကျောင်းအုပ်ဆရာကြီး ဉီးကျော်ညွန့်က ဆရာဆိုသည်မှာ ဂုဏ်အင်္ဂါရပ်များနှင့်ညီညွတ်မှ ဆရာဟုခေါ်ဆိုထိုက်ကြောင်းနှင့် ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်လာပုံတို့ကို အပိုင်း(၁)အနေဖြင့် လည်းကောင်း၊ အငြိမ်းစားမူလတန်းကျောင်းအုပ်ဆရာကြီး ဉီးသောင်းစိန်က မြန်မာနိုင်ငံတွင် ဆရာများနေ့အထိမ်းအမှတ်ဆောင်ရွက်မှုများနှင့် ဆရာ/မများ၊ ကျောင်းသား/သူများအကြား ထားရှိမွေးမြူရမည့် စိတ်သဘောထားများအကြောင်းကို အပိုင်း(၂)အနေဖြင့် လည်းကောင်း ပြည့်ပြည့်စုံစုံ အသိပညာပေး ဆွေးနွေးခဲ့ကြပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ဆရာ/မများ၏ ဂုဏ်ကျေးဇူးကို သိတတ်ပြီး ဆရာ၊ မိဘ၊ ကျောင်းသား ဆက်ဆံရေး ပိုမိုနွေးထွေး ကောင်းမွန်လာစေရန်နှင့် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆိုပါ Talk show များကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)