ဘောလခဲမြို့ ပြည်သူ့ဆေးရုံ၌ မွေးစမှ အသက်(၅) နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ဘောလခဲ စက်တင်ဘာ ၂၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ပြည်သူ့ဆေးရုံတွင် မွေးကင်းစမှ အသက်(၅)နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် တစ်နှစ်ခွဲမှ အသက်(၅)နှစ်အတွင်း ကလေးငယ်များအား ဂျပန်ဦးနှောက်ရောဂါ ကာကွယ်ဆေးအပိုဆောင်း ထိုးနှံခြင်း၊ မွေးစမှ တစ်နှစ်ခွဲ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ နှစ်လမှ (၂)နှစ်အတွင်း ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော ကာကွယ်ဆေး အပိုဆောင်း ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။