နောင်တရား စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ Bookclub အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းတွင် သုတ၊ရသ အမြင်ခြင်းဖလှယ်သည့် စာဖတ်ဝိုင်း ပြုလုပ်သည်။
Bookclub အဖွဲ့ဝင်ဦးမောင်စိုးက စာရေးဆရာရွေဥဒေါင်း အမြဲမှန်တာ သုံးပေါက်ချွန်းနှင့် အခြားဝတ္ထုတိုများစာအုပ်မှ သုံးပေါက်ချွန်းအကြောင်းကို ဆွေးနွေးပြီး အဆိုပါဝတ္ထုတို စာအုပ်မှ မိမိခံစားရသည့် ရသများအကြောင်းကိုလည်းကောင်း၊ ခွန်အောင်မျိုးက နှစ်ကိုယ့် တစ်စိတ်ခေါင်းစဉ်ဖြင့် မိမိခံစားရသည် သုတ၊ ရသများ အကြောင်းကိုလည်းကောင်း ဆွေးနွေးကြသည်။ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Bookclub အဖွဲ့ဝင်များက စာအုပ်စာစောင်များမှ သုတအသိပညာ၊ ရသခံစားချက်နှင့် သင်ခန်းစာယူစရာများကို အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)