မအူပင် စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော အမှတ်(၇)ရပ်ကွက်၊ အနော်ရထာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းသည် အရှည် ၁၂၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မဖြင့် ထွန်းထွန်းအေး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူ များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဦး၊ တာဝန်ခံအင်ဂျင်နီယာ ဦးဝင်းမြင့်နှင့် အင်ဂျင်နီယာများက လမ်းအရည် အသွေးကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးရေးအတွက် ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရ သည်။
မြို့နယ်(ပြန်ဆက်)