ကျောင်းကုန်းမြို့၌ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး First Booster ဆေး ထိုးနှံပေး

ကျောင်းကုန်း စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးဆရာမ ဒေါ်အေမီမိုးနှင့်အဖွဲ့က ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ‌ခြင်းလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းတို့က အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက်၊ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ပထမအကြိမ်၊ ဒုတိယအကြိမ် First Booster ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊ ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ထူးခြားမှုတစ်စုံတစ်ရာရှိပါက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)