အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်းဆောင်ရွက်

အမာ စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများကို ကျန်းမာရေးအသိပညာပေးခြင်းအနေဖြင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမာမြို့၊ နေသူရိန်လမ်းနှင့် ချယ်ရီလမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့သည်။

အမာမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၏ ဦးဆောင်မှုဖြင့် ‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမာမြို့ စည်ပင်သာယာရေးအဖွဲ့များ၊ ကျေးလက်ကျန်းမာ‌ရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ အမာမြို့ နေသူရိန်လမ်းမကြီးနှင့် ချယ်ရီလမ်းဆုံတွင် လမ်းသွားလမ်းလာ ပြည်သူများကို နှာခေါင်းစည်း (mask)များ အခမဲ့ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)